အလွယ်ဆုံးဆိုရရင်တော့ အဖွဲ့အစည်း တစ်ခုမှာ သူ့ရဲ့ business ကိုထိခိုက်စေမဲ့ Information Technology ပိုင်းဆိုင်ရာ security အားနည်းချက်တွေကိုရှာပေးပြီး reporting ပြုလုပ်ပေးတဲ့သူကို appreciation လုပ်တဲ့အနေနဲ့ reward ပေးတဲ့သဘောပါဘဲ။ယနေ့ organization တွေဟာသူတို့ရဲ့security အားနည်းချက်ရှာဖွေတဲ့နေရာမှာ Information Security Service Firm တွေနဲ့တိုင်ပင်ဆောင်ရွက်တာမျိုးဖြစ်စေ ယခုလို Bug Bounty ပေးတဲ့နည်းလမ်းကို အသုံးပြုပြီးဖြစ်စေ အထူးအလေးထားဆောင်ရွက်နေကြပါတယ်။ ဘာလို့ဒီလိုလုပ်တဲ့ အလေ့အထကကောင်းတာလဲဆိုရင် တစ်ကယ်လို့ အဲဒီအားနည်းချက်ကနေတစ်ဆင့် တိုက်ခိုက်မှုခံရမယ်ဆိုရင် တိုက်ခိုက်ခံရတဲ့ company/organisation တွေအတွက်အများကြီးပိုပြီးနစ်နာစေမှာဖြစ်လို့ အားနည်းချက်ရှိတဲ့နေရာကိုကြိုတင်သိရှိမယ်ဆိုရင် ကြိုတင်ပြင်ဆင်နိုင်ပြီး ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Google, Facebook, Yahoo!, Microsoft စသည့် companies ကြီးတွေစသည်ဖြင့်ဒီလိုအလေ့အထကို စတင်နေတဲ့ organisation တွေ အများကြီးရှိပါတယ်။

Reward ပေးတဲ့နေရာမှာ cash reward ပေးတာမျိုး swags / အမှတ်တရလက်ဆောင်/appreciation letter တွေမျိုးပေးတာမျိုးတွေလည်း ရှိပါတယ်။ဒါပေမယ့် တင်ပြလိုက်တဲ့အားနည်းချက်တွေအကုန် လုံးကို reward ပေးရမှာလားဆိုတော့.. အဲ့လိုမျိုး တော့လွယ်လွယ်နဲ့မပေးကြပါဘူး အဲ့အားနည်းချက်ကနေဘယ်လောက်ထိခိုက်မှု ဖြစ်နိုင်မလည်း ဘယ်လိုတိုက်ခိုက်မှုမျိုးဖြစ်နိုင်မလည်း စသည်ဖြင့် reporter ရဲ့ တင်ပြမှုအပေါ်မူတည်ပြီး reward ပေးတဲ့ အနည်းအများကွာသွားပါတယ်။ ဥပမာဆိုရင် Information Technology ကို အမှီပြုထားတဲ့ Company/Organisation တစ်ခုလုံးရဲ့ user data တွေကို ဖျက်ချပစ်နိုင်တာမျိုး ပြင်ဆင်နိုင်တာမျိုးစတဲ့ အားနည်းချက်မျိုးတင်ပြလာခဲ့လျှင် organisation အနေနဲ့ ထိခိုက်မှုအတော်အများရှိမှာမို့ တင်ပြလာသူကို reward များစွာပေးတတ်ပါတယ်။ နောက်ပြီး usability and security trade-off ရှိတဲ့အတိုင်းအချို့သော အားနည်းချက်တွေကိုတော့ လက်ခံပြီး မပြင်ဘဲထားတာမျိုး တစ်ချို့ system တွေကို အကြောင်းကြောင်းကြောင့် testing ထဲမထည့်စေချင်တာတွေလဲရှိပါတယ်။ဒီလိုအခါမျိုးမှာ report လုပ်မဲ့သူတွေမြင်အောင် ဘယ်အပိုင်း ဘယ်လိုအားနည်းချက်တွေကတော့ လက်ခံမယ် လက်မခံဘူးဆိုတာကို policy page မှာ ချပြထားလို့ရပါတယ်။

ဒါဆို ယခုလို report လုပ်ကြတော့ ဘယ်သူက အဲ့အားနည်းချက်တွေကတစ်ကယ်ကောရှိတာလား တင်ပြမှုတွေက သေချာမှုရှိရဲ့လားဆိုပြီ်းစစ်ဆေး မှာလဲဆိုတော့ ပုံမှန်အားဖြင့်တော့ အဖွဲအစည်းကြီးကြီးမားမားတွေမှာဆိုရင် internal team ကဘဲအရင်စစ်ကြတာများပါတယ်။ အပြင်က တစ်ခြား service ကိုယူရတာမျိုး လဲရှိပါတယ်။ အဲ့ဒါမျိုးကိုတော့တစ်ခြား platforms တွေမှာ managed service ဆိုပြီး service fees တစ်ခုသတ်မှတ်ပြီး လုပ်ပေးတတ်ကျပါတယ်။ သူတို့ကနေ အရင်တင်ပြလာတဲ့ အားနည်းချက်တွေကိုတစ်ကယ်ကောဟုတ်လားမဟုတ်လား စစ်ပေးပါတယ်။သူတို့ကနေစီစစ် ပြီးမှ သာ valid ဖြစ်တဲ့ အားနည်းချက်တွေကို customer’s ရဲ့ internal team တွေကလက်ခံပြီးပြင်ကြပါတယ်။

ကျွန်တော်တို့ bounty village မှာတော့ ကျွန်တော်တို့ဘာအကျိုးအမြတ်မှမကြည့်ဘဲ validation service ပေးသလိုသဘောမျိုး လုပ်ပေးသွားမှာပါ။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ local community မှာ security ပိုင်းစိတ်ဝင်စားတဲ့သူတွေရယ် local အဖွဲ့အစည်း တွေရယ်ကိုချိတ်ဆက်ပေးတာပါဘဲ။ အချိန်ကုန်အပင်ပန်းခံပြီး အားနည်းချက်တွေလိုက်ရှာပေးတဲ့သူတွေအနေနဲ့ အသိအမှတ်ပြုခံရပြီး အပို ၀င်ငွေလေးလဲရနိုင်မယ် ဒီက ရရှိတဲ့ appreciation letter တွေ achievement တွေနဲ့ သူတို့ InfoSec Firms တွေမှာ apply လုပ်တဲ့အခါ proof တစ်ခုအနေနဲ့ဖော်ပြလို့ရနိုင်မယ်ဆိုရင် အပင်ပန်းခံရကျိုးနပ်ပြီး motivation လည်းတက်လာလိမ့်မယ်လို့လဲမျှော်လင့်မိပါတယ်။ အဲ့လိုအားနည်းချက်တွေလက်ခံရရှိပြီး ပြင်လိုက်တဲ့ အဖွဲ့အစည်းတွေအတွက်လဲ ပေးလိုက်ရတဲ့ အရာထက်ပိုမိုအကျိုး အမြတ်ရှိလိမ့်မယ်လို့လဲမျှော်လင့်ပါတယ်။