စာရှည်မှာစိုးသည့်အတွက် နှစ်ပိုင်းဖြစ်ဖြစ် သုံးပိုင်းဖြစ်ဖြစ်ခွဲရေးပါမယ်။

Singapore မှာနှစ်တိုင်းလုပ်တဲ့ GovWare ဆိုတဲ့ exhibition မှာ CTF ပြိုင်ပွဲပါလေ့ရှိပြီး ပထမဆုအနေနဲ့ကတော့ Black Hat USA သွားဖို့ government agency တစ်ခုကနေ အပြီးအစီး sponsor လုပ်ပေးပါတယ်။ အဲ့မှာ ပထမဆု နှစ်နှစ် ရတဲ့အတွက်ကျွန်ေတာ် 2015 တုံးကတစ်ခါ 2016 မှာနောက်တစ်ခါ Las Vegas မှာလုပ်တဲ့ DEF CON နဲ့ Black Hat conferences တွေကိုရောက်ခဲ့ပါတယ်။ နှစ်ခါလုံး အတွေ့အကြုံတွေကသိပ်မကွာဘူးဆိုတော့တစ်ခုထဲမှာဘဲပေါင်းရေးလိုက်ကြည့်မယ်။

Flight tickets and hotel booking တွေကတော့ sponsor လုပ်တဲ့ government agency ကသူတို့ဘာသာဝယ်ပေးတဲ့အတွက်ကျွန်တော်ဘာမှလုပ်စရာမလိုလိုက်ပါဘူး။ ပုံမှန်ကတော့ United Airlines က flight တွေကနည်းနည်းပိုပေါပြီး hotel ကတော့ conferences တွေ ဘယ်မှာလုပ်မှာလဲပေါ်မူတည်ပြီး နည်းနည်းစောစော book ရင်ပိုပြီး ဈေးပေါသလို အခန်းလွတ်ရဖို့ chance များပါတယ်။ ဒါပေမယ့် Las Vegas Strip ကသိပ်မရှည်တဲ့အတွက် အဲ့လမ်းပေါ်ကတစ်နေရာရာမှာ hotel ရရင်ကိုအဆင်ပြေပါတယ်။

မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် U.S. visa လိုအပ်တော့ လူကိုယ်တိုင်သံရုံးမှာသွားလျှောက်တဲ့ အခါ သူတို့ website မှာရေးထားတဲ့ စာရွက်စာတမ်းတွေအပြင် လိုလိုမယ်မယ် Black Hat က invitation letter ပါတစ်ခါတည်းတွဲတင်ပါတယ်။ အဲ့ letter က visa လျှောက်တဲ့အခါထောက်အကူဖြစ်နိုင်လို့ BH ဆီ email လှမ်းပို့ပြီး invitation letter တောင်းသင့်ပါတယ်။

မသွားခင် ပြင်ဆင်သွားသင့်တာတွေကတော့ data SIM card, mobile phone ကို burner phones ရရင်ရ မရရင်ယူသွားမဲ့ ဖုံးကို လုံးဝ update လုပ်ဖို့ နဲ့ cash အလုံအလောက်ထည့်သွားဖို့ပါဘဲ။ ဘာလို့လဲမသိ Las Vegas မှာ SIM card ရှားသလိုဈေးလဲကြီးပါတယ်။ ပထမတစ်ခါသွားတုံးကအဲ့ဒါတွေမသိတော့ ရောက်တော့တော်တော်အဆင်မပြေဖြစ်ခဲ့ပြီး ကျွန်တော်ရောက်ရောက်ချင်း airport ကနေတစ်ခါထဲရှာပြီး ဝယ်မသွားမိတာလဲပါတာပေါ့။ Singapore ကနေဆိုရင်တော့ဒီကနေ SIM card တစ်ခါထဲဝယ်သွားလို့ရပြီး ဈေးလဲတော်တော်ပေါပါတယ်။ Conf တွေမှာတော့ so called secure ဖြစ်တဲ့ WiFi ပေးပေမယ့်လဲ conf ပြင်ပနေရာတွေမှာ internet သုံးဖို့ကလဲလိုသေးလို့ဖြစ်ပါတယ်။ Burner phone ကိစ္စကတော့သိပြီးသားဖြစ်တဲ့အတိုင်း ဟိုမှာက ဆရာ့ဆရာတွေများတော့ ဖုန်း traffic ကို man-in-the-middle attack နဲ့ဖြစ်ဖြစ် rogue access point ထားပြီး လာချိတ်တဲ့ devices တွေကို public ဖြစ်ပြီးသား vulnerability တွေကိုအသုံးချထားတဲ့ exploits တွေဖြစ်ဖြစ် အပြင်ကိုမရောက်သေးတဲ့ private exploits တွေနဲ့ဖြစ်ဖြစ်သုံးပြီး ဝင်တတ်ပါတယ်။ DEF CON မှာကတော့ Wall of Sheep ဆိုပြီး ခံလိုက်ရတဲ့ သူတွေရဲ့ credentials တွေနဲ့ သူတို့သုံးတဲ့ service ကို publicly tabular format ကြီးနဲ့ပေါ်တင်ကြီး တင်ထားပါတယ်အကုန်မြင်ရအောင်။ နောက်မှအကျယ်ချဲ့ရေးပေးပါ့မယ် WiFi အကြောင်းနဲ့ DEF CON ကvillages တွေအကြောင်းသီးသန့်အနေနဲ့။ Cash ကိစ္စကတော့ ကျွန်တော့်အနေနဲ့ကတော့ အဲ့ conferences တွေလုပ်တဲ့ hotels တွေက ATM တွေကိုမယုံလို့ပါ။ DEF CON လုပ်တဲ့ hotel က casino က machines တွေ ATM တွေတွေ့သမျှအကုန်ဆရာတွေလက်ကမလွတ်ပါဘူး debugging interface တွေနဲ့ terminal တွေပေါ်နေတဲ့စက်တွေ တွေ့နေရတာလဲ တွေ့တာများတော့ အဆန်းမဖြစ်ကြတော့ပါဘူး။ ဖြစ်နိုင်ရင်တော့ bank cards မသုံးဘဲ cash သုံးတော့ပိုပြီး စိတ်ချရမယ်ထင်ပါတယ်။

အဲ့ဒါနဲ့ဟိုလဲရောက်ရော Black Hat conference လုပ်တာ DEF CON ထပ်အရင်စောတော့ BH မှာ talks တွေဘာတွေကောင်းလဲ သူတို့ website မှာလိုက်ကြည့်ထားမှတ်ထားမိတယ် ကျွန်တော်စိတ်ဝင်စားတာများပါလေမလားဆိုပြီး။ ဒါမှမဟုတ်လဲ registration လုပ်တဲ့အခါသူတို့ပေးတဲ့ booklet ထဲကနေလဲအချိန်တွေ talks ကိုမှတ်ထားလို့လဲရပါတယ်။ ကျွန်တော်ကတော့ talks တွေသွားနားထောင်လဲ US နဲ့ asia အချိန် နဲ့ပြောင်းပြန်ဖြစ်နေတဲ့အတွက် ကျွန်တော့်အတွက်တော့သွားသွားအိပ်နေတာနဲ့ဘာမှမထူးလို့ talks တွေမသွားဖြစ်ခဲ့ဘူး။ Conference ပြီးရင် သိပ်မကြာခင်မှာ အမြဲလိုလို talks တွေကို record လုပ်ထားတဲ့ videos တွေကို ပြန်ကြည့်လို့ရတယ်ဆိုတာလဲသိတော့သိပ်ပြီး talks တွေကို စိတ်ထဲမထားဖြစ်ခဲ့ဘူး။ အဓိက BH မှာကျွန်တော်လုပ်ခဲ့တာကတော့ vendor area သွားပြီး အလကားပေးတဲ့ swags တွေယူတယ် infosec rockstars တွေဖြစ်တဲ့ Tavis Ormandy, Ian Beer, Mateusz Jurczyk စသည်ဖြင့် သူတို့နားမှာဝိုင်းနေတဲ့လူတွေကြားထဲဝင်ပြီး သူတို့ပြောတာနားထောင်တယ် မိတ်ဆွေဖွဲ့တယ် သူတို့ဆီကမှ ပြန်ကြားရတဲ့ research အကြောင်းတို့ တစ်ခြား private events တွေအကြောင်းအလုပ်အကြောင်းတွေပြောရင်းနဲ့ဘဲတစ်နေကုန်သွားကော။ Dinner စားဖို့ကတော့ google ကနေဘဲ review ကောင်းတဲ့ ဆိုင်တွေမှာသွားစားရင်း သိတဲ့သူတွေထပ်တွေ့ရင်းစကားပြောရင်းနဲ့ဘဲ dinner ကြိတ်ပါတယ်။ Las Vegas မှာ အဲ့လို conference period ထဲမှာဆိုရင် conference လာတက်တဲ့သူတွေကအရမ်းသိသာပါတယ် geeky and nerdy ဖြစ်တဲ့ type မျိုးတွေများတော့ တော်တော်ကိုသိသာပါတယ်။

DEF CON အတွက်ကတော့ရေးစရာတော်တော်များလို့ နောက်တစ်ပိုင်းအနေနဲ့ထပ်ရေးပေးပမယ်။